Booking.com နှင့် ချိတ်ဆက်ပုံ အဆင့်ဆင့်အား အောက်တွင် ပုံနှင့်တကွ ဖော်ပြထားပါသည်။

အဆင့် ၁။။ Switch.cm ကို Booking.com ၏ စနစ်ထဲတွင် ပထမဦးစွာ ရှာဖွေရပါမည်။

အဆင့် ၂။။ Booking.comမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား သဘောတူလက်ခံပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နိုင်ပါသည်။

အဆင့် ၃။။ ထို့နောက် SWITCH.CMအဖွဲ့ရှိ အဖွဲ့ဝင်တစ်ဦးမှ Booking.comနှင့် ဆက်သွယ်ခြင်းအတွက် အတည်ပြုပေးမည် ဖြစ်ပါသည်။ SWITCH.CM အဖွဲ့၏ လက်ခံမှုကို ခေတ္တစောင့်ရမည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ 'Provider Confirmation'အတွက် SWITCH.CMအဖွဲ့အား ဆက်သွယ်ပေးပါရန်။

အဆင့် ၄။။ Switch.cm နှင့်ချိတ်ဆက်မှုအား အတည်ပြုပေးရန်။

အဆင့် ၅။။ ယခုသင်ဟာ Switch.cm နှင့် Booking.com အား ချိတ်ဆက်ပြီးဖြစ်ပါသည်။

အကယ်၍ သင်အသုံးပြုနေသည့် Booking.com extranet သည် version အဟောင်းဖြစ်လျှင် ချိတ်ဆက်မှု ပြုလုပ်ရန် ရှာတွေ့နိုင်မည် မဟုတ်ပါသဖြင့် Booking.comသို့ ဖုန်း (သို့မဟုတ်) အွန်လိုင်းဖြင့် ဆက်သွယ်၍ သင်အသုံးပြုနေသည့် extranetအား အဆင့်မြှင့်တင်ပေးပြီး ချန်နယ်လ်မန်နေဂျာ (SWITCH.CMသည် သင်၏ provider ဖြစ်သည်) သို့ ချိတ်ဆက်ပေးပါရန် တောင်းဆိုနိုင်ပါသည်။ 

ထို့နောက် ဟိုတယ် ID ကို SWITCH.CM Subdomain တွင်ထည့်ပါ။

1)ချန်နယ်မန်နေဂျာ > 2)OTA မာတိကာ မှ > 3)ချန်နယ် အသစ်ထည့်ရန် သို့ဝင်ရောက်ရပါမည်။

Booking.com သို့ဝင်၍ မိမိဟိုတယ် အချက်အလက်များထည့်ပြီးလျှင် Booking.com တွင်ရှိသော အခန်းများနှင့် Switch.cm တွင်ရှိသော အခန်းများကို ချိတ်ဆက်ပေးရမည်ဖြစ်ပါသည်။ သင်ချိတ်ဆက်ပေးသော အခန်းအမျိုး အစားနှင့် အခန်းဈေးနှုန်းများမှာတူရန်လိုအပ်ပါသည်။

အရေးကြီးဆုံးအချက်မှာ "အလိုအလျောက်ဒေါင်းလုဒ်" နှင့် "အပ်လုဒ်" ပြုလုပ်ရန်အတွက် "လုပ်ဆောင်ရန်" အား မရွေးချယ်ထားဘဲ ခလုတ်မနှိပ်ရန် သတိပြုရပါမည်။ ထို့ပြင် သင့်၏ ရှိနေသော အခန်းကြိုတင်မှာယူမှုများ နှင့် ရာသီအလိုက် ဈေးနှုန်းများ ထည့်သွင်ထားပြီးမှသာ အပ်လုဒ် လုပ်ဆောင်ရမည်ဖြစ်ပါသည်။


  

Did this answer your question?