Booking Button စာမျက်နှာတွင် ဟိုတယ်၏ အမည် ၊ အကြောင်းအရာများ ၊ ဓါတ်ပုံများ နှင့် အခန်းဓါတ်ပုံများအား မိမိစိတ်ကြိုက် အဆင့်မြှင့် ပြုပြင်နိုင်မည် ဖြစ်ပါသည်။

Booking Button မပြုလုပ်ရသေးလျှင် အောက်ပါနေရာမှတင့်ဆင့် သွားရောက်ပြုလုပ်နိုင်ပါသည်။
မိမိ websiteအတွက် Booking Buttonကို မည်သို့ပြုလုပ်မည်နည်း။

Upload Property Photo (မိမိ ဟိုတယ်၏ ဓါတ်ပုံတင်ခြင်း)
ဘွတ်ကင် ခလုတ်ထဲတွင် မိမိဟိုတယ်၏ ဓါတ်ပုံများကို ရွေးချယ်ပြီး တင်ပေးရပါမည်။
မှတ်ချက် - ဓါတ်ပုံတစ်ပုံလျှင် ဆိုဒ် 1.5 MB သာရှိရပါမည်။

Upload Room Photos (အခန်း ဓါတ်ပုံများတင်ခြင်း)
ဘွတ်ကင် ခလုတ်ထဲတွင် မိမိဟိုတယ်၏ အခန်းဓါတ်ပုံများကို ရွေးချယ်ပြီး တင်ပေးရပါမည်။
မှတ်ချက် - အခန်းတစ်ခန်းလျှင် ဓါတ်ပုံ ၃ ပုံသာ တင်ရမည်ဖြစ်သည့်အတွက် မိမိတွင်ရှိသော အလှဆုံး အခန်းပုံများကို ရွေးချယ်တင်ပေးပါရန်။

ရှေးဦးစွာ အခန်းအမျိုးအစားကို ရွေးချယ်၍ ပြုပြင်သည် ခလုတ်ကို နှိပ်ရပါမည်။ ထို့နောက် သက်ဆိုင်ရာ အခန်းဓါတ်ပုံ ၃ ပုံကို ရွေးချယ်၍ upload bulk ခလုတ်ကို နှိပ်ပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ရပါမည်။

Edit Property Name (ဟိုတယ် အမည်ပြောင်းခြင်း)
မိမိဟိုတယ်အမည်ကို အောက်ပါပုံတွင် ပါရှိသည့် လေးထောင့်အကွက်လေးတွင် အမည်ပြောင်း သိမ်းဆည်း နိုင်ပါသည်။

Did this answer your question?