Cash (လက်ငင်းငွေပေးချေမှု)

အဆင့် ၁၊ ဧည့်သည်၏ အခန်းကြိုတင်မှာယူမှုကို သွားပါ။

အဆင့် ၂၊ ငွေပေးချေမှုများ/ ပြန်အမ်းမှုများ ခလုတ်ကိုနှိပ်ပါ။

အဆင့် ၃၊ ငွေပေးချေရန်နည်းလမ်း ၏ Drop down menu မှ လက်ငင်းငွေပေးချေမှု Cash ကိုရွေးပါ။

အဆင့် ၄၊ ထို့နောက် ဝန်ထမ်းမှ ငွေပေးချေမှု လက်ခံရယူခြင်း ကို ရွေး၍ မိမိ အမည်ကိုရွေးပါ။

အဆင့် ၅၊ ငွေပေးချေမှုကို ပြုလုပ်သည်ကို ရွေးချယ်ပါ။

Credit Card (အကြွေးဝယ်ကဒ်)

ယခုလုပ်ဆောင်ချက်သည် ဧည့်သည်ထံမှငွေကြိုတင်ကောက်ခံထားခြင်း မရှိသည့်အခါ သို့မဟုတ် credit card အသုံးပြုထားမှု ယခင်က မရှိသည့်အခါ အသုံးပြုရန်ဖြစ်သည်။ သို့သော် ဧည့်သည်အခန်းမဝင်ခင်အကြွေးဝယ်ကတ် သတင်းအသေးစိတ်ကိုရယူထားပြီးပါက ယခု ရွေးချယ်ရန်အခွင့်အလမ်းကို လုပ်ဆောင်ရန်မလိုအပ်ပါ။

အဆင့်၁၊ ဧည့်သည် အခန်းကြိုတင်မှာယူမှုကို ရွေးချယ်ပါ။

အဆင့် ၂၊ ငွေပေးချေမှုများ/ ပြန်အမ်းမှုများ ခလုတ်ကိုနှိပ်ပါ။

အဆင့် ၃၊ ငွေပေးချေရန်နည်းလမ်း ၏ Drop down menu မှ credit card ကိုရွေးပါ။

အဆင့် ၄၊ ထို့နောက် ဝန်ထမ်းမှ ငွေပေးချေမှု လက်ခံရယူခြင်းကို ရွေး၍ မိမိ အမည်ကိုရွေးပါ။

အဆင့် ၅၊ အကြွေးဝယ်ကတ် သတင်းအချက်အလက်ကို ဖြည့်ပါ

အဆင့် ၆၊ ဧည့်သည်ထံမှ ကောက်ယူရမည့် ငွေပမာဏကိုသေချာစွာ စစ်ဆေးပါ။

     * တစ်ခါတစ်ရံတွင် အချို့ဧည့်သည်များသည် လက်ငင်းငွေပေးချေမှုဖြင့် တစ်ချို့တစ်ဝက်ကို ပေးချေပြီး ကျန်တစ်ချို့တစ်ဝက်ကို credit card ဖြင့် ပေးချေလိုကြပါသည်။ ထိုသို့သော ငွေပေးချေမှုများတွင် သင်အမှန်တကယ် ကောက်ယူရမည့်ငွေပမာဏနှင့် ကွဲလွဲနေသည့်အတွက် ဧည့်သည်ထံမှ ကောက်ယူရမည့် ငွေပမာဏကိုသေချာစွာ စစ်ဆေးရန် လိုအပ်သည်။ 

အဆင့် ၇၊ ငွေးပေးချေမှုကို ပြုလုပ်သည်ကို ရွေးချယ်ပါ။

အဆင့် ၈၊ ဧည့်သည်၏ Credit Card Details မှာ card list အောက်တွင် သိမ်းဆည်းထားပြီး ဖြစ်ပါသည်။လိုအပ်ပါက ပြန်လည်စစ်ကြည့်နိုင်ပါသည်။


Credit Card (Existing)
(အကြွေးဝယ်ကဒ် (တည်ရှိပြီး))

အဆင့်၁၊ ဧည့်သည် အခန်းကြိုတင်မှာ ယူမှု ကို ရွေးချယ်ပါ။

အဆင့် ၂၊ ငွေပေးချေမှုများ/ ပြန်အမ်းမှုများ ခလုတ်ကိုနှိပ်ပါ။

အဆင့် ၃၊ ငွေပေးချေရန်နည်းလမ်း ၏ Drop down menu မှ credit card (Existing) ကိုရွေးပါ။

အဆင့် ၄၊ ထို့နောက် ဝန်ထမ်းမှ ငွေပေးချေမှု လက်ခံရယူခြင်း ကို ရွေး၍ မိမိ အမည်ကိုရွေးပါ။

အဆင့် ၅၊ Card ၏ drop down menu တွင် ငွေပေးချေမည့် existing card ကို ရွေးချယ်ပါ။
           * ဧည့်သည်မှ အမှန်တကယ်ငွေပေးချေရန် အသုံးပြုလိုသော ကဒ်ဖြစ်စေရန်အတွက် ဧည့်သည်နှင့်  ဒုတိယအကြိမ် စစ်ဆေးပါ။  တစ်ခါတစ်ရံ ဧည့်သည်များတွင် ကဒ်များစွာရှိပြီး သူတို့အသုံးပြုလိုသော ကဒ်တစ်ခုသာ ရှိတတ်ပါသည်။

အဆင့်၆၊ ငွေပေးချေမည့် ပမာဏအား မှန်ကန်စေရန် စစ်ဆေးပါ။

အဆင့်၇၊  ငွေပေးချေမှုကို ပြုလုပ်သည်ကို ရွေးချယ်ပါ။


Credit Card (Offline)
(အကြွေးဝယ်ကဒ်(offline))

ယခုငွေပေးချေမှုနည်းလမ်းသည် iZettle သို့မဟုတ် အခြား external card machine မှ တဆင့်ငွေပေးချေလိုလျှင် ဦးစားပေး အသုံးပြုသည့်နည်းဖြစ်သည်။ 

မှတ်ချက် ။   ။ ၄င်းငွေပေးချေမှုနည်းလမ်းသည် မြန်မာပြည်တွင် အသုံးပြုခြင်း မရှိသေးပါ။

Did this answer your question?